ငြိမ်းချမ်းရေးနိမိတ်ချိုးငှက်နဲ့လန်းဆန်းတဲ့ကြာပန်းတွေကို ပြည်သူတွေကတရှိုက်မက်မက် မျှော်လင့်တောင့်တနေချိန်မှာ
မကောင်းဆိုးဝါးအင်အားစုလိုအမှောင်လောကကိုနှစ်ခြိုက်နေဆဲဖြစ်တဲ့ ကေအိုင်ကေ/အို ခေါင်းဆောင်တွေကတော့ သေတဲ့
အဆိပ်ကိုမစွန့်နိုင်တဲ့ မြွေဆိုးတွေလိုကျင့်ပြီးကချင်ပြည်နယ်တွင်းကပြည်သူတွေရဲ့ဘဝကိုအဆုံးစွန်မြေမြှုပ်သဂြိုလ်ဘို့အား
ထုတ်လုပ်ကိုင်နေကြတုန်းပါဘဲ၊၊
၈၈ခုနှစ်မတိုင်ခင် အကြမ်းဖက်သောင်းကျန်းသူတွေ ကျူးလွန်ခဲ့ကျတဲ့ အဖျက်လုပ်ငန်းတွေကြောင့် ကြုံတွေ့ခဲ့ရတဲ့
နိုင်ငံရဲ့အခြေနေရလာဒ်ကို သင်ခန်းစာယူပြီး နိုင်ငံတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးတံခါးနဲ့ စားပွဲဝိုင်းကို ဘယ်အချိန်ဖြစ်ဖြစ်ဝင်လာနိုင်ပါတယ်
ဆိုတဲ့ လှိုက်လှိုက်လှဲလှဲ ကမ်းလှမ်းခဲ့တာကြောင့် လူတသုထက် လူထုအတွက်ငဲ့နိုင်ကြသူတွေဟာ ငြိမ်းချမ်းရေးတံခါးကို
အပြေးလာခေါက်ပြီး ငြိမ်းချမ်းရေးရယူတည်ဆောက်နိုင်ခဲ့ကျပါတယ်၊၊နိုင်ငံတိုင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့
အဖုအထစ်ခလုတ်ကန်သင်းတွေရှိပေမယ့်လည့်း ရေကိုဓါးနဲ့ ဖြတ်လို့မရနိုင်သလို ပြည်ထောင်စုအတွင်းမှာ သွေးစည်းမှု့ရဲ့
နိယာမတရားအဖြစ် သွေးညှိနိုင်ခဲ့တဲ့ အဖြေတခုလို့ဆိုနိုင်ပါတယ်၊၊
ဒါပေမယ့် ယနေ့ ကေအိုင်ကေ/အို ခေါင်းဆောင်တွေအနေနဲ့ ကတော့ ပြည်သူတွေအတိ ဒုက္ခရောက်စေမယ့်
နည်းလမ်းမျိုးစုံနဲ့ကမ်းကုန်အောင်မိုက်တွင်းနက်ပြီး လူမျိုးပါပျောက်နိုင်တဲ့ အကြမ်းဖက်တိုက်ခိုက် အလုံးစုံပျက်စီးမှု့လမ်း
ကိုဦးတည်နေဆဲပါဘဲ၊၊မဖြစ်ညစ်ကျယ်လုပ်နေတဲ့ ပြည်ပြေးပုစိန်ရိုးတွေ အားကိုးပြီး သံပြိုင်ညီညီအော်နေတာက အနုပညာ
အကြောင်းဘာမှမသိတဲ့သူတွေကဟိတ်ဟန်ထုတ်ပြီး ဂန္တဝင်တေးသီဆိုနေတဲ့ ပုံစံလိုဖြစ်နေပါတယ်၊၊ညီညွတ်သောတိုင်းရင်း
သားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ရဲ့ ဥက္ကဋ္ဌရာထူးကို ယူပြီးသွေးဆူပွက်စွာနဲ့ကြိမ်းဝါးခြေက်လှန့်
Continue Reading